ဝိုင်းမော်မြို့နယ်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်/ စာစောင်လှူဒါန်းပွဲ ကျင်းပ

ဝိုင်းမော် ဩဂုတ် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများ၊ မိခင်နှင့် ကလေး/အမျိုးသမီးရေးရာ အသင်း အဖွဲ့များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာဖေမြင့်၏ ‘‘တန်ဖိုး ထားအပ်သော အရာများ’’စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခိုင်သက်မွန်က  စာဖတ်ဝိုင်းပြုလုပ် ရခြင်းမှာ စာဖတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာ စေရန်၊ စာဖတ်ရှိန် မြှင့်မား လာစေရန်ရည်ရွယ်၍ ဆောင်ရွက် ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ဒေါက်တာဖေမြင့်၏ ‘‘တန်ဖိုးထားအပ်သောအရာများ’’ စာအုပ်ပါ အကြောင်းအရာများ ကို မိခင်နှင့် ကလေး/ အမျိုးသမီး ရေးရာအသင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုးနှင့် စာဖတ် ဝါသနာရှင်များက ပါဝင်ဆွေးနွေးခဲ့သည်။

ထို့နောက် မိခင်နှင့်ကလေး/ အမျိုးသမီးရေးရာအသင်းအဖွဲ့များမှ သုတ/ ရသ စာအုပ်စာစောင် များပေးအပ်လှူဒါန်းရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခိုင်သက်မွန်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စာမဆီး တို့က လက်ခံရယူခဲ့ကြောင်းသိရှိရသည်။        

ခိုင်သက်မွန် (ပြန်/ဆက်)