ပုသိမ်ကြီး ဒီဇင်ဘာ ၁၄
မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ ပြည်သူ့ စာကြည့်တိုက်၌ ယနေ့နံ နက် ၁၀ နာရီက သားနဲ့သမီးအတွက် ဖေဖေ့နှလုံးသွေးစက် စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီမှူး ဒေါ်ကြည်ကြည်နွဲ့က စာဖတ် ဝိုင်းများ ပြုလုပ်ခြင်းဖြင့် ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ လူငယ်များ အနေဖြင့် အသိပညာဗဟုသုတ မြင့်မားလာစေရေး၊ စာဖတ်ခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စေရန် ရည်ရွယ် ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည်တို့အား ရှင်းလင်းပြောကြားသည်။
ထို့နောက် သားနဲ့သမီးအတွက် ဖေဖေ့ နှလုံးသွေးစက် (လူငယ်ဘဝ တိုးတက်အောင်မြင်ရေး လမ်းညွှန် စာစုများ) စာရေးဆရာ အကြီးကိုကို (ကသာ) ရေးသားသော စာအုပ်အား မြို့နယ် Youth Club အဖွဲ့ဝင်များ၊ စာဖတ် ပရိသတ်တို့ဖြင့် စာအုပ်ပါ စာစုများကိုဖတ်ကြား၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို