တံတားဦး ဒီဇင်ဘာ ၁၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္တသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ၊ ကျောင်းသူများ ဖြေဆိုခွင့်လျှောက်လွှာများကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင် ရာအခြေခံပညာအထက်တန်းကျောင်းများတွင် လျှောက်ထားလျက်ရှိကြောင်း သိရသည်။
တက္တသိုလ်ဝင်တန်းဖြေဆိုခွင့် လျှောက်လွှာများကို နိုဝင်ဘာလ(၁၅)ရက်နေ့ နောက်ပိုင်းမှစတင်၍ လျှောက်ထားလျက်ရှိရာ မြန်မာနိုင်ငံစာစစ်ဌာနသို့ ဒီဇင်ဘာလနောက်ဆုံးထားလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း ၊ အထက်တန်းကျောင်းခွဲ (၈) ကျောင်းရှိရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် ဖြေဆိုခွင့် လျှောက်လွှာများကို မိမိတို့နှင့်သက်ဆိုင်ရာ ကျောင်းအုပ်များမှတစ်ဆင့် ဖြေဆိုခွင့်လျှောက်လွှာများ စိစစ်၍ လျှောက်ထား ခြင်း၊ ပြင်ပဖြေဆိုခွင့်ရရှိသော သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွင် ဖြေဆိုခွင့် လျှောက်လွှာများကို သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းများ ဆောင်ရွက်နိုင်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(တံတားဦး)