ကမမောင်း ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉) နာရီအချိန်က ကမမောင်းမြို့ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ယဉ်ယဉ်အေးက ကျောင်း သား လူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန် ၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ကိုယ် ကာယကြံ့ခိုင်သန်စွမ်းပြီး ကျန်းမာစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၁၁)ဦးတို့က ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)