ထား၀ယ် ဒီဇင်ဘာ ၁၃
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာ၊ စာမျက်နှာ ၁၂တွင် ပါရှိသော စာရေးဆရ ဒေါက်တာသန်းနိုင်စိုးရေးသားထားသည့် “ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အကြောင်း” စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ဝန်ထမ်းများအနေဖြင့် စာဖတ်ရှိန်မြင့်မားပြီး စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ အသိပညာဗဟုသုတ များအပြန်အလှန်ဖလှယ်ဆွေးနွေးနိုင်ရေး၊ဝန်ထမ်းအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။
စာဖတ်ဝိုင်းတွင်ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ထက်လျှံ ရေးသားထားသည့် “ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်အကြောင်း” အမေးအဖြေဆောင်းပါးသည် ဗဟုသုတရရှိစေသော ဆောင်းပါးဖြစ်ကြောင်း၊ ဝန်ထမ်းများကိုလည်း သတင်းစာကြိုတင်ဝေငှထားပြီးဖြစ်သောကြောင့်ဝန်ထမ်းများအနေဖြင့် အင်တာ ဗျူးဆောင်းပါးနှင့်ပတ်သက်၍ သိရှိနားလည်ပြီးဖြစ်၍ အပိုင်းလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးစေလို ကြောင်းပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူနှင့် ဝန်ထမ်းများက မျိုးကွဲသစ်အိုမီခရွန် အကြောင်းအရာများကို အပိုင်းအလိုက်အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကေကေအယ်လ်(ထားဝယ်)