ရန်ကုန် ဒီဇင်ဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက် စေတီတော်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ စေတော်မြတ်ကြီးအား သန့်ရှင်းရေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလေးနှင့် အဖွဲ့ဝင်များ၊ စေတီတော်မြတ် ဂေါပကအဖွဲ့ဥက္ကဌ ဒုတိယရဲမှုးကြီး ကျော်မိုးကြည် (ငြိမ်း)နှင့် အဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လိုက်လံ ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။