လှိုင်သာယာ(အရှေ့ပိုင်း) သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်(၉) ရပ်ကွက်နှင့် ကျေးရွာ(၅) ရှိရာ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်အဖြစ် ငွေကျပ်နှစ်သောင်းစီ ထပ်မံထောက်ပံ့ခြင်း ကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခြေခံလူတန်းစား အိမ်ထောင်စုများကို ပေးအပ်ခဲ့သည်။
ကိုဗစ်−၁၉ ကာလအတွင်း လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစု အိမ်ထောင်စု (၆၇၈၄၆)စုထံ သို့၊ စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂၀၀၀ဝိ/)ကျပ် နှုန်းဖြင့် ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းထောက်ပံ့ငွေများကို အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အမှတ်(၁၅)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ မဂ္ဂသစ္စာမိုးကုတ် ဓမ္မရိပ်သာတွင် အခြေခံလူတန်းစား အိမ်ထောင် (၅၆၆၁)စုတို့အား အုပ်ချုပ် ရေးမှူး ဦးထွန်းလွင်နှင့် စာရေးဝန်ထမ်းများက ကျပ်နှစ်သောင်းစီ စတုတ္ထ အကြိမ် ထပ်မံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)