ဒဂုံ(အရှေ့) သြဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး ဖြစ်ရပ်စီမံ ခန့်ခွဲမှု စီမံချက် ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းသင်တန်းကို ယနေ့ နံနက်(၉)နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် လူမှုဝန်ထမ်းရုံးမှ လူမှုဝန်ထမ်း-၃ ဒေါ်ရီရီထွေးက အဖွင့်အမှာစကား ပြောကြားရာ တွင် ကလေးသူငယ် အခွင့်အရေးနှင့် ဆိုင်သော ကလေးသူငယ်ဥပဒေများ အတွက် ကူညီစောင့်ရှောက်ပေးနေ သည့် ဌာနအတွင်းရှိ သင်တန်းများ၊ ကလေးငယ်များ တွေ့ကြုံခံစား နေရသည့် အကြောင်းအရာများနှင့် ပြုစုစောင့်ရှောက် ထားမှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး ရတနာ့ မေတ္တာအဖွဲ့မှ စီမံချက်မန်နေဂျာ ဦးကျော်ဆန်းမှ သင်တန်းပြု လုပ်ရသော ရည်ရွယ်ချက်များနှင့် ကလေး သူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုသိ ရှိစေရန်၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက် ရေး ဖြစ်ရပ်များကို စီမံခန့်ခွဲရာတွင် ဝန်ဆောင်မှုပေးနိုင်သော အဖွဲ့ အစည်းအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် တက်စေရန်၊ ကလေးသူငယ်များအား ကာကွယ်စောင့် ရှောက်ရန် စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အသက်အရွယ်ဖော်ပြချက်များ၊ ကလေးသူငယ်များနှင့် ပတ်သက်သည့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူလူထုများ သိရှိနား လည်လာစေရန် သင်တန်းအား ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း နှင့် အဆိုပါသင်တန်းသို့ တက်ရောက်လာသော သင်တန်းသား သင်တန်းသူ(၁၅)ဦးအား ရတနာ့မေတ္တာအဖွဲ့မှ သင်တန်းနည်းပြ ဆရာ ဆရာမများ က သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း