ချင်းရွှေဟော် ဩဂုတ် ၂၁
ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ၎င်းတို့ ၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေး လျက်ရှိရာ ယမန်နေ့ ညနေ (၆)နာရီ အချိန်က(၅)ဉီးနှင့် ယနေ့ မွန်းလွဲ(၂)နာရီခွဲအချိန် က(၁၀)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅)ဉီးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၁၅)ဉီးတွင် အမျိုးသား(၇)ဉီး၊ အမျိုးသမီး(၈)ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်မှ (၁)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်မှ(၂)ဉီး၊ သဲကုန်းမြို့နယ်မှ(၂)ဉီး၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ (၅)ဉီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊လားရှိုး မြို့နယ်မှ(၃)ဉီးနှင့် ကုန်ကြမ်းမြို့နယ်မှ(၂)ဉီး တို့ဖြစ်ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လွှဲပြောင်း ပို့ဆောင် ပေးခဲ့သည့် နေရပ်ပြန်ပြည်သူများမှာ ဧပြီလ ၃၀ ရက်နေ့မှ ယနေ့အထိ အမျိုးသား(၈၁၂၈)ဉီး နှင့် အမျိုးသမီး(၆၅၀၇)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန် ပြည်သူ (၁၄၆၃၅)ဉီး တို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)