ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၂၄၃၅၁၅ ဦးထိုးပေးနိုင်ပြီဖြစ်

ညောင်ဦး  ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်း အချိန်ထိ ၂၄၃၅၁၅ ဦး ထိုးနှံ ပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင်၊ခ ရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်း တောင်းမြို့ နယ်တွင် သတ်မှတ်စုရပ်(၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၅၈၈၀၅ ဦး၊ Sinopharm ဒုတိယအကြိမ် ၄၂၃၇၈ ဦး၊ Sinovac ပထမအကြိမ် ၃၃၁၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၁၀၈ ဦး၊စုစုပေါင်း ၁၀၇၆၀၇ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ၊ ကျောက်ပန်း တောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ပထမ အကြိမ် ထိုးပေးနိုင်မှု ၇၄၁၈၆ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၅၂၉၀၇ ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၄၄၉၄ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၂၁ ဦး ထိုးပေး နိုင်ခဲ့ပြီဖြစ်ကာ ပေါင်း ၁၃၅၉၀၈ ဦး ညောင်ဦး၊ ကျောက်ပန်းတောင်း ပေါင်း၂၄၃၅၁၅ ဦး ထိုးနိုင်ပေးနိုင် ပြီဖြစ်ကြောင်း ဆေးခွဲတမ်းရရှိမှုအပေါ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း၊ ဝေးလံသည့် ကျေးရွာများ သို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက် ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးလွင်ထံက သိရသည်။

ကိုထိန်၊KPD