ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ဗိုလ်တထောင်  ဒီဇင်ဘာ  ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကြည်နိုင်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉မျိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့နံနက်ပိုင်း ၉နာရီက ဗိုလ်တေထာင်မြို့နယ် မိသားစုရပ်ကွက် နန်းသီတာ သင်္ဘောဆိပ် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaignဆောင်ရွက်ရာသို့ဗိုလ်တထောင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကြည်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အေထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များပါဝင်သောပူးပေါင်းအဖွဲ့များမှ လမ်းတစ်လျှောက် ဆိုင်ကယ်စီးလာသူများ၊ အနှေးယာဉ် သမားများ၊ လမ်းလျှောက်သူများ၊ နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား နှာခေါင်စည်းတပ်ဆင်ပေးခြင်း နှင့် နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း