လှိုင်းဘွဲမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်

လှိုင်းဘွဲ ဒီဇင်ဘာ ၁၀

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မူးယစ် ဆန့်ကျင် ရေးအသင်းတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဦးစောသော်တာလင်းသန့်က မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက် ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းဥက္ကဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါအန္တရာယ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေး ဆိုင်ရာထိခိုက်မှု၊ စူးစမ်းစမ်းသပ်လိုခြင်းနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း ရုံးအဖွဲ့မှူး ဦးလင်းခိုင်က မူးယစ်ဆေးဝါး သုံးစွဲရခြင်း၏ အကြောင်းအရာများ၊ လူငယ်တွေ မူးယစ်ဆေးဝါး မသုံးစွဲကြစေရန် မည်သို့ကာကွယ် တားဆီးရမည့် နည်းလမ်းများ၊ သုံးစွဲမိသည့် လူငယ်များကို လမ်းမှန်ပြန်ရောက်အောင် မည်သို့ လမ်းပြကူညီ ဖေးမရမည့် နည်းလမ်းများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)