မိုင်းပျဉ်းမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

မိုင်းပျဉ်း  ဒီဇင်ဘာ   ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ဒီဇင်ဘာလ၁၀ရက်နေ့ နံနက်ပိုင်း က Mobile Libraryစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက  ရုံးစာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များကိုအမျိုးအစားစုံလင်စွာဖြင့်ပြည်သူများလက်ဝယ်အရောက် ငှားရမ်း ပေးခဲ့ကြောင်း  သိရသည်။    

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊မိုင်းပျဉ်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများစာပေကိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသည့် ဗဟုသုတများနှင့် ကောင်းကျိုးတရားများ ကိုသိရှိနားလည်စေရန် ရည်ရွယ်၍ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း၍ ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)