ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းတွေ့ဆုံပွဲကျင်းပ

ဗိုလ်တထောင်  သြဂုတ် ၂၁

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးပံ့ပိုးကူညီရေး အဖွဲ့နှင့် ဗိုလ်တထောင် မြို့နယ်အမှတ်()တိုင်းဒေသကြီးကိုယ်စား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပေါင်းစပ်ညှိနှိုင်း တွေ့ဆုံပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မဲဆန္ဒရှင် စာရင်းများ မှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်၍ တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် အခက်အခဲ များနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီ ပေးနိုင်ရန်ဆွေးနွေးလိုကြောင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် လုပ်ငန်းများ မဲစာရင်းနှင့် မဲရုံအခြေအနေများကို ဆွေးနွေး ပံ့ပိုး ကူညီရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစောနိုင်(ညွှန်ကြားရေးမှူး) မဲရုံပြင်ဆင်ရေးမဲရုံ တည်နေရာ မြေပုံနှင့် ပြင်ဆင်ရေးအပိုင်းကို ဖိဖိစီးစီး ဆောင်ရွက်ရန်တို့ ဆွေးနွေးပြီး တက်ရောက်လာသူများက မဲရုံဆောင်ရွက်ထားရှိမှု မဲစာရင်း လာရောက် ကြည့်ရှုမှု၊ ထပ်တိုးမဲရုံအခြေအနေမြေပြင်အနေအထားနှင့်သက်ကြီးရွယ်အိုများမသန်စွမ်းသူများ မဲပေးနိုင်ရေး မဲစာရင်းပြင်ဆင်ရေး၊ မဲစာရင်းရေးသွင်းထားရှိမှုနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ တိုင်း၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းတို့က လက်ရှိ ဆောင်ရွက်ထားရှိမှုများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆွေးနွေး ကြသည်။ ထို့နောက် အမှတ်() တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မဲရုံတည်ဆောက်ရေးနှင့် နေရာများ အခြေအနေကို ဆွေးနွေးသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ပါတီအားလုံးကို စ်ပြေးညီ ဆက်ဆံရန် ပံ့ပိုးကူညီနိုင်အောင် မြေပြင် အခြေအနေကို တင်ပြရန်၊ မဲရုံဆောက်လုပ်ရေးအတွက် ဌာနအလိုက် ကူညီ နိုင်ရေးနှင့်ပြည်သူပိုင် ဆောက် အအုံများ ပျက်စီးမှု မရှိစေရေး စိတ်စေတနာထားပြီး ဆောင်ရွက်ကြရန်၊ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဗိုလ်တထောင်မြို့နယ်အမှတ်() တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်းပြည်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပူးပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သိန်းသိန်း (ဗိုလ်တထောင်)