အမရပူရမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းနှင့် စာအုပ်လှူဒါန်းခြင်း ကွင်းဆင်းဆောင်ရွက်

အမရပူရ       ဩဂုတ်လ       ၂၁

အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်မီးသတ်ဦးစီးဌာနတွင် စာအုပ်လှူဒါန်းခြင်းနှင့် နယ်လှည့် စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ဩဂုတ်လ (၂၁) ရက် မွန်းလွဲ(၂)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 

နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်းလုပ်ငန်းနှင့် စာအုပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှက ရှင်းလင်းပြောကြားပြီး စာအုပ်များပေးအပ်လှူဒါန်းရာ မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါမြို့နယ်မီးသတ်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ ဗဟုသုတရစေရန်နှင့် စာဖတ်ခြင်းအလေ့အထကိုရရှိစေရန် သုတရသစာအုပ်များ၊ ဂန္တဝင်စာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ကလေးငယ်များဖတ်ရှုနိုင်ရန် ပုံပြောစာအုပ်များ၊ ရုပ်ပြကာတွန်းများကို ငှားရမ်းပေးခဲ့ပြီး အဆိုပါဌာနတွင် လစဉ်နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းကို ကွင်းဆင်း၍ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဟိန်းထက်(အမရ)