ထားဝယ်၊ ဩဂုတ် ၂၁
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အောင်သူ ဦးစီးအဖွဲ့ သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ဩဂုတ်လ ၁၉ရက်နေ့ နေ့လည် ၁ နာရီ အချိန် ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်၊ မြို့သစ်(၅)လမ်း၊ ရွှေမဟာ တည်းခိုခန်းရှေ့တွင် စောင့်ဆိုင်း နေစဉ် Wave100 NCX အမျိုးအစား ဖြူ/နက်ရောင်ဆိုင်ကယ်အား စီးနင်းလာသော မောင်---- (၂၀)နှစ်နှင့် မောင်----(၂၂)နှစ်၊ ရေဖြူမြို့နယ်နေသူတို့(၂)ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ ရှာဖွေ စစ်ဆေးရာ မောင်----ထံမှ WY စိတ်ကြွရူးသွပ်ဆေးပြား(၅၉၇)ပြားအား ရှာဖွေတွေ့ရှိသိမ်းဆည်း ရမိသဖြင့် ၄င်းတို့(၂)ဦးအား ထားဝယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။
အလားတူ မြိတ်မြို့၊ အမှတ်(၃၅)မူးယစ်ရဲတပ်ဖွဲ့စုမှ ရဲအုပ် အောင်ဝင်းဦး ဦးစီးအဖွဲ့သည် သြဂုတ်လ ၁၈ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မူးယစ်ဆေးဝါးသတင်းအရ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ ရှမ်းထိန်းကျေးရွာနေ ဦး---(၃၀)နှစ် နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ၄င်းလွယ်ထားသောအိတ်အတွင်းမှ WY စိတ်ကြွရူးသွပ် ဆေးပြား(၁၉၆)ပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသဖြင့် စစ်မေးရာ တစ်ရွာတည်းနေ ဒေါ်----(၄၂)နှစ်ထံမှ ၀ယ်ယူရရှိကြောင်း သိရှိရ၍ ညနေ ၃ နာရီအချိန် ဒေါ်----အား နေအိမ်တွင်ထပ်မံဖမ်းဆီးရမိ သဖြင့် ၄င်းတို့(၂)ဦးအား တောင်ရှည်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထား ရှိကြောင်း သိရှိရသည်။
ရဲပြန်ကြား