သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိကဝက်အပြင်ဖျားရောဂါ ထိန်းချုပ် ကာကွယ်ရေး နှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်

သီပေါ မတ် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်း ဖျားရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များ အသိပညာ ပေးခြင်းကို ယနေ့နံနက်ပိုင်း ၉နာရီခွဲအချိန်တွင် သီပေါမြို့နယ် ၊ တုံစင်ကျေးရွာအုပ်စု၊ တုံစင့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တွင်ပြုလုပ် ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က အာဖရိကဝက် အပြင်းဖျား ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း ၊ ကောင်းမွန်သော ဝက်မွေးမြူရေး ကျင့်စဉ်များအကြောင်းကိုလည်းကောင်း၊ ဝက်များတွင် ဖြစ်တတ်သော ရောဂါများအကြောင်း ကို လည်းကောင်း၊ ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများကို လည်းကောင်း အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ကာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။  

ခင်လေး(မြို့နယ်ပြန်/ဆက်)