မေတ္တာမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မေတ္တာ ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်များကို မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မေတ္တာမြို့ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ သင်ဒါတွေသိပြီးပြီလား၊ ယခုပဲသွားရောက်စစ်ဆေးလိုက်ပါ၊ သင့်အမည် ပါ၊ မပါ စစ်ဆေးပါ၊ မဲပေးနိုင်ဖို့အတွက် သင့်နာမည်ဟာ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ရပါမယ်၊ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ စသည့်အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ရန်နောင်စိုး (မေတ္တာ)