ကော့ကရိတ် သြဂုတ် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က ကိုဗစ် - ၁၉ကာလဖြစ်သည့်အတွက် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို Talk Show အစီစဉ်ဖြင့် online မှတစ်ဆင့် ပြုလုပ်ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ဥပဒေရုံးမှ ခရိုင်ဦးစီးအရာရှိ ဦးအောင်သီဟမှ လူကုန်ကူးမှုအဓိပ္ပါယ်ဖွင့်ဆိုချက်၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေပုဒ်မများအကြောင်း ဆွေးနွေးပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ကြူအေးမှ လူကုန်ကူးမှုမခံရလေအောင် သိရှိလိုက်နာရမည့်အချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)