ကျိုင်းတောင်း၌ မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်

ကျိုင်းတောင်း သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်နိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို  ယနေ့ ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိသူများမှ ကျိုင်းတောင်းမြို့ အတွင်းရှိ ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)အုပ်စုရှိ မဲဆန္ဒရှင်စာရင်းများတွင် မိမိအမည်ပါဝင်ခြင်းမရှိပါက ပုံစံ(၃)ဖြင့်တောင်းဆိုခြင်း၊ မဲစာရင်း တွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်း၌ ပါဝင်သည့်အချက်အလက်များ မှားယွင်းပါရှိ နေပါက ပုံစံ(၄-ဂ)ဖြင့်ပြင်ဆင်ခြင်းကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကျိုင်းတောင်း (ပြန်/ဆက်)