နမ့်စန်တွင်မဲဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

 

နမ့်စန်(တ) သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် မှုရှိစေ ရန်အတွက် မြို့နယ် လုံးကျွတ်မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီက စတင် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အဆိုပါ မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းကို ရပ်ကွက်/ကျေးရွာ အုပ်စုအုပ် ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့်ပညာရေးဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကေျးရွာ အလိုက် တစ်အိမ် တက်ဆင်း ကွင်းဆင်း၍ မဲဆန္ဒရှင် စာရင်းများကို တိုက်ဆိုင်စစ်ဆေးလျက်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်မြင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသောင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရပ်ကွက် (၁၁) ခုနှင့် ကျေးရွာအုပ်စု (၂၀)တို့တွင် လက်ရှိအချိန်ထိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေ ၈၉၄၀၃ ဦးရှိပြီး  လျာထားမဲရုံအရေအတွက်မှာ (၁၀၃)ရုံ ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးမှသိရသည်။

သူရအောင်(ပြန်/ဆက်)