သံတောင်ကြီး သြဂုတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစောအိုကလိုထူး၊ ဒုရဲအုပ် ရဲမင်းစိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစောဟီဃာတို့က ယနေ့နံနက် (၁၀) နာရီအချိန်တွင် သံတောင်ကြီးမြို့ပေါ် (၅) ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်များမှ ရောင်းချနေသော သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများ၊ Nestle အမှတ်တံဆိပ် မိခင်နို့အစားထိုးစာသောက်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသည့် ကုန်အညွန်းအမှတ်အသားဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)