လဲချား သြဂုတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် ဆေးဝါးများ လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်များအား သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ မှတ်ပုံတင် ထားခြင်းရှိ/မရှိ၊ သတ်မှတ် စည်းကမ်း ချက်များနှင့်အညီ ရောင်ချခြင်းရှိ/မရှိကို ယနေ့နံနက် ၉နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ် ရဲတပ်ဖွဲ့၊မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှတာဝန်ရှိသူများမှ ပူးပေါင်း ၍ မြို့နယ် အတွင်းရှိ ဆေးဆိုင်(၂၃)ဆိုင်၊ဆေးခန်း(၁)ခန်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်တမ်း လွန်ဆေး ဝါများ သိမ်းဆည်းခြင်း၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဆိုင်များရောင်းချခြင်းမပြုရန် တားမြစ်ခြင်း၊ ဆေးဝါးလိုင်စင် မပြုလုပ်ရသေးသည့် ဆိုင်များကို လိုင်စင်လျှောက်ထားကြရန်နှင့် အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင်(ပြန်/ဆက်)