ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရှိသည့် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများစတင်စိုက်ပျိုး

ဝမ်းတွင်း သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့်  မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နှစ်စဉ်မိုးသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးလျက်ရှိရာမှ ယခုနှစ်တွင် မိတ္ထီလာလွင် ပြင် လျှပ်စစ်ရေတင်စီမံကိန်း အမှတ်(၂) ရေတင်စခန်း(ကုန်းရွာ)နှင့် အမှတ်(၃) ရေတင်စခန်း (ခင်ကြီး)တို့ဖြင့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းရွာ၊ ညောင်အုပ်ဖီး၊ ညောင်ပင်သာ-ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန်ကျေးရွာအုပ်စုများရှိ ကျေးရွာ (၁၀) ရွာမှ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။

အဆိုပါ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးစိုက်ဧက ၁၀၃၆ စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင် မိုးစပါးစိုက်ဧက (၂၂၉၇) နှင့် အခြားသီးနှံ စိုက်ဧက ၄၀၃ တို့အား စိုက်ပျိုးနိုင်ရေးလျားထားလျက်ရှိရာ ၎င်းလျားထားချက်များအား ပြည့်မီရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အေးထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)