ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကွမ်းခြံကုန်း ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန တွင် ယနေ့မနက်(၁၀)နာရီက စာကြည့်တိုက်အသင်းဝင် လူငယ်များအား ဖိတ်ခေါ်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာ ပေး ပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်မြတ်သီဟန်ဦးက လူကုန်ကူးမှု အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ အသုံးပြုသော နည်းလမ်း များကို သိရှိနိုင်ရန်နှင့် မိမိတို့ ပတ်ဝန်းကျင်တွင် လူကုန်ကူးမှု မဖြစ်ပွားစေရေးအတွက် သတိထား ရှောင်ရှားသင့်သည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီး နံရံကပ်စာစောင်ပြပွဲကို ဆက်လက် ကျင်းပရာ တက်ရောက်လာသူ လူငယ်လေး များက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)