အောင်မြေသာစံ ဒီဇင်ဘာ ၄
မန္တလေးခရိုင်အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဌေးဇော်လတ်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နေ့လယ် ၁ နာရီက မြို့နယ်အတွင်းရှိ ဥပုသ်တော်ရပ်ကွက်ရှိ ရွှေဇင်ယော် စက်သုံးဆီ အရောင်းဆိုင်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်၊ ပြည်ကြီးရန်လုံ ရပ်ကွက်ရှိ DE NKO စက်သုံးဆီရောင်းဝယ်ရေးဆိုင်များသို့ ရောက်ရှိကာ မီးဘေးလုံခြုံရေးဖြစ်သည့် စက်သုံးဆီ သိုလှောင်ကန်များ မြေအောက်ကန်စနစ်ဖြင့်သာ သိုလှောင်ရောင်းချခြင်းရှိ/မရှိ၊ မြေအောက်ကန်များ အအေးပေးစနစ်ထားရှိခြင်း ရှိ/မရှိ၊ မူလသက်မှတ်ထားသည့် ဆီသိုလှောင်မှု ပမာဏထက်ပို၍ သိုလှောင်ထားရှိခြင်း ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား သက်မှတ် စံချိန်စံညွှန်းနှင့် ထားရှိခြင်း ရှိ/မရှိ စသည့်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)