လွိုင်လင်ခရိုင်အတွင်းရှိ ထူးချွန်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပ ပြုလုပ်

လွိုင်လင်   ဩဂုတ်  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များမှ ထူးချွန်လူရည်ချွန်ကျောင်းသား/သူများအား ယနေ့ နံနက်၉ နာရီ အချိန်က အ.ထ.က-၃၊ အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင် တက်ရောက်ကာ အမှာစကား ပြောကြားပေးခဲ့ပြီး ခရိုင် ပညာရေးမှူး ဦးစိုင်းမြင့်ဦးမှ ဂုဏ်ပြုပွဲကျင်းပရခြင်း အ‌ကြောင်းကို ရှင်းလင်း ပြောကြားပေးခဲ့ကာ ဆုရရှိသော လူရည်ချွန် ကျောင်းသား/ သူများအား ချီးကျူးဂုဏ်ပြုစကား ပြောကြား‌ပေး ခဲ့သည်။

ဆက်လက်၍ ထူးချွန်လူရည်ချွန်ကျောင်းသား/သူများအားတာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်များ၊ ဂုဏ်ပြု ဆုတံဆိပ် များနှင့်ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ခဲ့ပြီးနောက် လူရည်ချွန် ကျောင်းသူတစ်ဦးမှလည်း အားလုံးကိုယ်စား ဆုချီးမြှင့်ခံရခြင်း အပေါ်ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အတွင်းရှိ မြို့နယ်များမှပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာ/မကြီးများ၊ ကျောင်းသား မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)