မောက်မယ် သြဂုတ် ၂၁
စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်း ခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းအတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီး သော ကဒူးကြီးအုပ်စု ဒေါတမနှင့်နောင်လောင်း ကျေးရွာ၌ လူထုစစ်ဆေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်ရာတွင် လူထု၏လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှုအဖွဲ့များအနေနှင့် ကျေးရွာ လူထုအပေါ် တာဝန်ယူမှု ၊ တာဝန်ခံမှု သေချာစေရန်နှင့် ကျေးရွာလူထုများမှ မိမိတို့၏ ထင်မြင်ယူဆချက်များကို ပိုမို ထုတ်ဖော် ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြုချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ် ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်း ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တာဝန်ကျ ဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများအတွက် ကျေးရွာ လူထု များမှ ကျေနပ်မှု မည်မျှရှိမရှိကို ရယူရန် စစ်တမ်းစာရွက်များအား ဖြန့်ဝေပေးခဲ့ခြင်း၊ ရရှိလာသော လုပ်ငန်းစဉ်နှင့် ရလဒ် ထွက်ရှိချက်များအား ပွင့်လင်းမြင်သာမှုရှိစေရန် အတွက် အစည်းအဝေးပွဲတွင်ချပြခြင်း ကြော်ငြာဆိုင်းဘုတ်များတွင် ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
လူထုဗဟိုပြု ဒုတိယနှစ်စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု ဒေါ့တမနှင့် နောင်လောင်း ကျေးရွာတို့တွင် လူထု ဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေ (၉၈၀၀၀၀၀) ကျပ်နှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၅၅၅၀၀၀) ကျပ် စုစုပေါင်း (၁၀၃၅၅၀၀၀)ကျပ် ဖြင့် မီးလင်းရေး(ဆိုလာ) လုပ်ငန်းအား အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးပြီ အိမ်ခြေ (၅၅) လုံး လူဦးရေစုစုပေါင်း (၂၄၂)ဦး အကျိုးခံစားခွင့်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့် (မောက်မယ်)