တောင်ကြီး ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့နှင့် ဌာနဆိုင်ရာ များဖြင့် မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ထုတ်ပြန်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည် များ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ဥက္ကဋ္ဌ ဦးတင်စိုးက တောင်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလတွင် ကြေညာကပ်ရန်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် ပါဝင် ဆောင်ရွက် ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်သူရက မဲဆန္ဒရှင် စာရင်းများကို မှန်ကန်စွာ ဖော်ပြနိုင်ရန်အတွက် တောင်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာများက ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက်များကို ဝိုင်းဝန်းကူညီပေးကြရန် ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော တောင်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့ အဖွဲ့ဝင်များက လိုအပ်သည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)