ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲဆန္ဒရှင်စာရင်းစိစစ်အတည်ပြုရေး အစည်းအဝေးပြုလုပ်

 

ညောင်ရွှေ     ဩဂုတ်     ၂၁

ညောင်ရွှေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်အချက်အလက်များ ပြည့်စုံ မှန်ကန်မှုရှိစေရေး မြို့နယ် ကော်မရှင် အဖွဲ့ခွဲအစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲ    ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မောင်တို့က အမှာစကားပြောကြားကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဝေမာအောင် က အစည်းအဝေးပြုလုပ်ရခြင်း အကြောင်းအရင်းကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်တွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ် တက်တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက်နိုင်ရေး၊ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်း၍ကွင်းဆင်း ဆောင်ရွက်ရေး ပူးတွဲ တာဝန်ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ