တံတားဦးမြို့နယ်တွင် ဝါသီးနှံအထူးဇုံဧက (၁၀၀) စိုက်ပျိုးထားသော ချည်မျှင်ဝါ ဈေးနှုန်းကောင်းမွန်၍ စိုက်ပျိုးသည့် တောင်သူများ အဆင်ပြေလျက်ရှိ

တံတားဦး ဒီဇင်ဘာ  

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြိုင်သာကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာ၌ စိုက်ပျိုးထားသော ဝါသီးနှံအထူးဇုံဧက(၁၀၀)မှ ချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀)များ အထွက်နှုန်း ကောင်းမွန်၍ စိုက်ပျိုး သသည့် တောင်သူများ အဆင်ပြေလျက်ရှိ ကြောင်းသိရသည်။

တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရန်အတွက် လယ်ယာလုပ်ငန်းများကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေ ပြည်သူများ  စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့်အဆင်ပြေပြီး  အထွက်နှုန်းကောင်းသည့်အပြင် ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုး နိုင်ရန်ဆောင်ရွက်လျက်ရှိသည့်။ ယင်းသို့ဆောင်ရွက်လျက်ရှိသော မြိုင်သာကျေးရွာအုပ်စု မြိုင်သာ ကွင်း၌စိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံဧက(၁၀၀)ကို တောင်သူများအား  ဝါမျိုးစေ့များနှင့် လူးနယ်ဆေးများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ အခမဲ့ဖြန့်ဝေအပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) အထူးဇုံဧက ၁၀၀ စိုက်ပျိုးကြသည့် တောင်သူများမှာ တစ်ဧက ကို ဝါပိဿာ(၄၀၀)ကျော်ထွက်ရှိ သည့်အပြင်  ဈေးနှုန်းမှာလည်း တစ်ပိဿာကို ငွေကျပ် ၁၂၀၀ မှ ၁၄၀၀ အထိရောင်းချရသည့်အတွက်အဆင်ပြေလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ထံမှ သိရသည်။

ရဲတင့်(တံတားဦး)      

                                                                                                                    ၀၉-၇၉၇၄၃၈၃၀၅