ဒီဇင်ဘာလ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများတပ်ဆင်ရန် ယနေ့နံနက်ပိုင်းက ဗလမင်းထင်လမ်းကျောက်တိုင်အနီးရှိ နမ့်မိန်ချောင်းတံတားလမ်းဆုံတွင် ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ကြောင့်ဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ် ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး ဌာနဆိုင် ရာများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ နေအိမ်များတွင် နေထိုင် ကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေပြင်ပသို့ ထွက်ရပါက နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် ရပ်ကွက်၊ ကျေးရွာများတွင် အသိပေးညွှန်ကြားထားရှိပြီးဖြစ်ရာ အဆိုပါ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နှာခေါင်းစည်းများတပ်ဆင်ခြင်းမရှိပါက နှာခေါင်းစည်းများ တပ်ဆင်နိုင်စေရန် အခမဲ့ပေးဝေပြီး နောင်တွင်လိုအပ်ချက်ရှိ၍ နေအိမ်မှအပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်၍သွားလာကြစေရန်၊ အထူးသတိပြုရမည့် “ဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်နှင့် ကိုဗစ်-၁၉ရောဂါအား ပါးစပ်နှင့်နှားခေါင်းစည်း (Mask)ကို စနစ်တကျ တပ် ဆင်၍ ကာကွယ်ပါစသည့်” ကျန်းမာရေးဌာနနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင် ရာ တိုက်တွန်းနှိုးဆော်ချက်များကို အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။