သီပေါ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင် ၊သီပေါမြို့နယ်ပန်းတိမ်မြောက်ရပ်ကွက်ရှိလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များသို့သွားရောက်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီနှင့် ဝန်ထမ်းများသည် ပန်းတိမ်မြောက်ရပ်ကွက်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချသော ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန် အညွှန်းအမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည် အညွှန်းများတွင် မြန်မာဘာသာ ဖြင့်ဖြစ်စေ တစ်ခြား ဘာသာဖြင့် တွဲလျက် ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှထုတ်ပြန်ထားသော အချက်(၇)ချက်ကို လိုက်နာ ကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုး ဆိုင်များအား ဆက်လက်၍ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက ပြောကြားခဲ့သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)
ခင်လေး(သီပေါ၊ပြန်/ဆက်)