ပင်းတယမြို့၌ COVID-19 Relief Package (1) ခရီးသွားလုပ်ငန်း အခြေခံသင်တန်းဖွင့်လှစ်

ပင်းတယ    ဩဂုတ်    ၂၁

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ Conquarror Hotel ၌ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် COVID-19  Relief Package(1) ခရီးသွားလုပ်ငန်း အခြေခံ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်() ဦးညီညီ() ဦးညီလေးချမ်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် ဟိုတယ် ခရီးသွားလာမှု ညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကိုလည်းကောင်း၊ ရှမ်းပြည်(တောင်ပိုင်း) ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ထွေးက ပင်းတယမြို့နယ်အတွင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းများအကြောင်းနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်း ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် သင်တန်းတွင် ပင်းတယမြို့နယ်အတွင်းရှိ ဆိုင်ကယ်ကယ်ရီ ပို့ဆောင်သူများ၊ ဈေးသည်များ နှင့် ဒေသထွက်ကုန် ထုတ်လုပ်သူများ စုစုပေါင်း သင်တန်းသား/သူ (၂၀) ဦး တို့က တက်ရောက်ကြမည် ဖြစ်ပြီး သင်တန်း ကာလမှာ ဩဂုတ် ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ  ကြီးမှူး၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွါးရေးကျဆင်းလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ခရီးစဉ် ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို ပြန်လည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် ပို့ချပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများအား နေ့စဉ် တစ်ဦးလျှင် ၄၈၀ဝိ/-နှုန်း၊ သင်တန်း ပို့ချပေးသည့် သင်တန်း ဆရာများအား တစ်ဦးလျှင် ၂၀၀၀ဝိ/- နှုန်းဖြင့် နေ့တွက်စရိတ်များကိုလည်းထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်သူများအနေဖြင့် ဒေသခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်သည့် အသိပညာ များရရှိ မည်ဖြစ်ပြီး မိမိတို့ဒေသ၏ ခရီးသွားလုပ်ငန်း နယ်ပယ် အသီးသီးမှ ပြည်သူများကို ပြန်လည်ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ပင်းတယဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမည့် အကျိုးကျေးဇူး များ ခံစားရမည်ဖြစ်ကြောင်း  သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)