မက်မန်းမြို့နယ်၌ ခရီးသွားပြည်သူများအား RDT Test Kit ဖြင့် အခမဲ့ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

မက်မန်း     ဒီဇင်ဘာ    ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး RDT Test Kit ဖြင့် မက်မန်းမြို့ဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တွင် အခမဲ့ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မက်မန်းမြို့နယ် အတွင်းရှိ ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်များ၊ ရပ်နီးရပ်ဝေးမှ လာရောက်သူများအား မက်မန်းမြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်တွင် Mask အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် RDT Test Kit ဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ  စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်ဆရာဝန် ဒေါက်တာအောင်ကိုဝင်းနှင့် ကော်မတီဝင်များ ကျန်းမာရေးဝန်ထမ်းများမှ နံနက်(၆)နာရီမှ ညနေ (၆) နာရီအထိ နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းမြတ်စိုး (IPRD)