ကာလိ သြဂုတ် ၂၁
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒစာရင်းများ တစ်စုံတစ်ရာလွဲမှားမှု အဖြစ်ပေါ်စေရးအတွက် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများတို့က ယနေ့နံက် (၉)နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပေါ်(၆)ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများထံသို့ တစ်အိမ် တက်တစ်အိမ်ဆင်းစနစ်ဖြင့် မဲဆန္ဒစာရင်းတွင်ပြည့်စုံမှန်ကန်မှုရှိ/မရှိ မြေပြင်တိုက်ဆိုင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကာလိမြို့ပေါ်(၆)ရပ်ကွက်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၌ ပထမ အကြိမ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅)ရက်နေ့မှ သြဂုတ်လ (၁၄)ရက်နေ့အထိ ကပ်ထား ကြေငြာခဲ့ပြီး မဲဆန္ဒ စာရင်းများ တစ်စုံတစ်ရာလွဲမှားမှု အဖြစ်ပေါ်စေရးအတွက် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ မှန်ကန် မှု ရှိ/မရှိ နှင့် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲစာရင်းတွင် ပါ/မပါ စစ်ဆေးခြင်း၊ ကျန်ရှိသူများကို မဲစာရင်းတွင် ပါဝင်ခွင့်ရရှိရေး ပုံစံ(၃-က)ဖြင့် လည်းကောင်း မဲစာရင်းတွင် အမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း လျောက်ထားနိုင်ခြင်း၊မပါဝင်သင့်သည့် အမည်စာရင်းများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း နှင့် မဲစာရင်းပါအချက်အလက်မှားယွင်းမှုများကို ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင် လျှောက်ထား ခြင်းစ သည့်တိုကို တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် မြေပြင်တိုက်ဆိုင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)