ကျိုက်ဒုံ ဒီဇင်ဘာ ၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန် ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက် ၁၈ နှစ်အထက် ပြည့်ပြီး ပြည်သူများ၊ ဆရာတော်၊ သံဃာတော်များအား ပဥ္စမအသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိ သူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျိုက်ဒုံဒေသနေပြည်သူ (၂၀၀) ဦးအား ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေး မည်ဖြစ်ကြောင့် သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)