ကမမောင်း ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မသန်စွမ်းဆိုင်ရာသိကောင်းစရာများ အကြောင်းကိုပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်အေးက (TalkShow)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့၀င် ဒေါ်မိငယ်က မသန်စွမ်းသူများ ၏ အခြေအနေ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒါဏ်များ၊ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ရေးအတွက် ဆောင်ရွက် မှုအခြေအနေများ၊ မြန်မာနိုင်ငံမသန်စွမ်းသူ များ၏ အခွင့်အရေးများ၊ မသန်စွမ်းသူများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)