ငါန်းဇွန် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ငါန်းဇွန်စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရှင် ကျောင်း သား၊ ကျောင်းသူများအား ဦးခင်မောင်ညို (ဘောဂဗေဒ) မိသားစုမှ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် နှစ်စဉ်ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပေးသော ဦးခင်မောင်ညို (ဘောဂဗေဒ) မိသားစုအား ကျေးဇူးတင်စကားပြေားကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့သိန်းက မိမိတို့ကျောင်း၏ဂုဏ်ဆောင် ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးကြသူများအား ကျေးဇူးတင်စကားပြောကြားပြီး ဦးခင်မောင်ညို (ဘောဂဗေဒ) က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်အဆင့် ဂုဏ်ထူးဆောင်ကြိုးပမ်းမှုထက် နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာကချီးမြှင့်သည့်ပုဂ္ဂိုလ်များဖြစ်စေဖို့ ဆက်လက်ကြိုးစားကြရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ငါန်းဇွန်စာစစ်ဌာနနတွင် ဖြေဆိုအောင်မြင်ခဲ့သော ငါန်းဇွန် အ.ထ.က၊ ခြင်္သေ့လက် အ.ထ.ကနှင့် ကျောက်တလုံး အ.ထ.က(ခွဲ)တို့မှ ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးနှင့် ဂုဏ်ထူးသင်ပြဆုရ ဆရာ၊ ဆရာမ (၁၂) ဦးတို့အား ဦးခင်မောင်ညို(ဘောဂဗေဒ)၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာ ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)