နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နွားထိုးကြီး ဒီဇင်ဘာ ၂

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားစတုတ္ထ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစား ဖြစ်ပြီး အသက် (၁၈) နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ် အထက်၊ (၁၃၀) ဦးအား ထိုးနှံပေးပြီး စုစုပေါင်း (၄၁၇၀) ဦးအား အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများကိုလည်း သတ် မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းအောင်ဇော်