ကျိုက်ဒုံ ဒီဇင်ဘာလ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျိုက်ဒုံမြို့အမှတ် (၂) ရပ်ကွက်တွင် ပိုးကရင်ဘာသာ၊ မြန်မာဘာသာ ဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည် များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊မိမိတို့၌ ရောဂါပိုးကူး စက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန်စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ လိုက်လံ နှိုးဆော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
သန်းထွန်းနိုင် (ကျိုက်ဒုံ)