ကာလိမြို့တွင် ကလေးလုပ်သားစစ်တမ်းကောက်ယူ

 

ကာလိ   သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ကလေးလုပ်သား စစ်တမ်းကောက်ယူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်(၆) ရပ်ကွက် တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်တမ်းကောက်ယူရာတွင် ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့(တောင်ကြီးမြို့)မှ ဒုတိယစာရင်းအင်းမှူး ဒေါ်နွဲ့နွဲ့ယဉ် နှင့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်းပြီး ကုန်စုံဆိုင်များ ၊ စားသောက် ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လက်လီလက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း ကောက်ယူခြင်းများ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)