မိုင်းရှူး ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ရှိ အသက် ၂ လမှ ၂နှစ် ကလေးငယ်များကို ယနေ့ နံနက် ၉ နာရီမှစ၍ ရပ်ကွက် (၁)၊ တရုတ်ဘုံခန်းမ၌ ကလေး ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရာတွင် အသက် ၂ လ အရွယ် ကလေး များကို ဘီဂျီစီ၊ ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၄) လ အရွယ်ကလေးငယ်များကို ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ပိုလီယိုထိုးဆေး၊ ငါးမျိုးစပ်၊ (၆) လ ကလေးများကို ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၉) လအရွယ် ကလေးများကို ဝက်သက်- ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်၊ (၁)နှစ်ခွဲ အရွယ် ကလေးများကို ဝက်သက်-ဂျိုက်သိုး ကာကွယ် ဆေးများထိုးနှံ/တိုက် ကျွေးပေးခြင်း ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)