ငါ့သရောက်မြို့နယ် ပင်ပြန့်မြေပဲဖော်ချိန် မြေပဲအထွက်နှုန်းကောင်း

ငါ့သရောက်  ဒီဇင်ဘာ ၂

ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများ ပင်ပြန့်မြေပဲဖော်ချိန် ဥဥနှုန်း ကောင်းသောကြောင့် မြေပဲစိုက်တောင်သူများ မြေပဲရကြကာ ပင်ပြန်မြေပဲစိုက်တောင်သူများအဆင်ပြေ နေကြကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံကသိရသည်။

ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင်တွင်ပါဝင်ကာ တနှစ်ပတ်လုံး မိုး ရေချိန် နှစ်ဆယ်လက်မအောက်တွင်သာရွာသွန်းသည့် မိုးနဲရပ်ဝန်းဒေသဖြစ်ကာ မိုးရာသီတစ်ရာသီသာ စိုက်ပျိုးရေးလုပ်ကိုင်စားသောက်ရသည့်မြို့ဖြစ်ကြောင်း မိုးရာသီအချိန်တွင်လည်း နှမ်း၊မြေပဲနှင့် ပဲစင်းငုံ၊ပြောင်းတို့ကိုသာ အဓိကစိုက်ပျိုးကြကြောင်း၊ထန်းတောင်သူအမြောက်အများရှိခဲ့သော်လည်း ထန်းလျက်ဈေးနှုန်းလျော့ကျခြင်းနှင့် ထန်းတက်လုပ်ငန်းလုပ်ကိုင်ရာတွင် ပင်ပန်းဆင်းရဲခြင်းကြောင့် ပြည်ပနိုင်ငံများသို့သာ သွားရောက်လုပ်ကိုင်မှုများပြားလာခဲ့ကြောင်း၊ ရာသီဥတုမမှန်ကန်မှုများ ကြောင့်လည်း မိုးရာသီတွင်တောင်သူများ  စိုက်ပျိုးရာတွင် မရဲတရဲသာစိုက်ပျိုးကြရကြောင်းသိရကာ ယခုနှစ်တွင် မိုးဦးမိုး ရွာသွန်မှုနည်းခဲ့ခြင်းကြောင့် နှမ်းစိုက်တောင်သူများ နှမ်းမရကြဘဲ မိုးလယ် မိုးကျမှသာ ပင်ပြန့်မြေပဲစတင်စိုက်ပျိုးခဲ့ကြောင်း ဇူလိုင်လတွင်မှ ခြောက်လမြေပဲ(ပင်ပြန့်) စိုက်ပျိုး ခဲ့ရာ မိုးရွာသွန်းမှုကောင်းခြင်းကြောင့် ပင်ပြန့်မြေပဲနှုတ်သိမ်းချိန် မြေပဲနှုတ်သိမ်းချိန် တစ်တင်းကျ လျှင် ဆယ့်ငါး တင်းမှ တင်းနှစ်ဆယ်ထိထွက်ရှိခြင်းကြောင့် ငါ့သရောက်မြို့ပင်ပြန့်မြေပဲစိုက်တောင် သူများ မြေပဲရကြကြောင်း ကုလားတဲကျေးရွာမှ တောင်သူ ဦးစိုးနိုင်ဆိုလျှင် မြေပဲငါးတင်း စိုက်ပျိုး ရာ နှုတ်သိမ်းချိန် တစ်ရာခြောက်တင်းထွက်ရှိခြင်းကြောင့် တစ်တင်းစိုက်ပျိုးပြီးပြန်နှုတ်သိမ်းချိန် တင်းနှစ်ဆယ်ကျော် ပျှမ်းမျှထွက်ရှိကြောင်း ကုလားတဲကျေးရွာမှတောင်သူ ဦးသန်းထိုက်မှရှင်းပြ သည်။

ငါ့သရောက်မြို့နယ် မြေပဲစိုက်တောင်သူများသည် မြေပဲနှုတ်သိမ်းချိန်တွင် မြေပဲချွေလှေ့စက်များ အသုံးပြုများလာကြောင်းနှင့် မြေပဲတစ်တင်းစက်ဖြင့်ခြွေလှေ့ခ တစ်ထောင်ကျပ်ပေးရကြောင်းနှင့် လူတစ်ဦးမြေပဲတစ်တင်းဆွတ်ခူးက တစ်ထောင့်ငါးရာကျပ်ပေးရကြောင်း ဆင်သားမွေးကျေးရွာ မြေပဲခြွေလှေ့စက်အငှားလိုက်သည့် ဦးဇော်လင်းဦးမှပြောပြ၍သိရကာ ငါ့သရောက်တစ်နယ်လုံး ပင်ပြန့်မြေပဲစိုက်တောင်သူများ မြေပဲဥဥနှုန်းကောင်းခြင်းကြောင့် တောင်သူများမြေပဲအရများကြ ကြောင်း ဆင်သားမွေးကျေးရွာ မြေပဲစိုက်တောင်သူ ဦးစိုးဝင်းမှပြောပြ၍ သိရသည်။

ကိုထိန်၊KPD