ဟိုပုံးမြို့နယ်စာအုပ်၊စာပေချစ်မြတ်နိုးသူများအသင်း မှ စာဖတ်ဝိုင်းကျင်းပ

 

ဟိုပုံး                 ဩဂုတ်        ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဟိုပုံးမြို့နယ်လူထုအခြေပြု ဗဟိုဌာန( Community Centre )ခန်းမ၌ စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ အသင်းမှ  စာရေးဆရာ  "အောင်သင်း" ရေး သား ထားသည့် " နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ"      စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ  ()နာရီ အချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟိုပုံးမြို့၊   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊        မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူးက  ကိုဗစ်-၁၉   ရောဂါဖြစ်ပွားသည့် ကာလတွင်     စာဖတ်ဝိုင်း    ကျင်းပရခြင်း    အကြောင်း ကို ရှင်းလင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသူအသင်းမှ ဒေါ်ဝါဝါမြင့်က "နှလုံးသား ကို လေးပေါ်တင်၍ ပစ်သောအခါ  "  စာအုပ်တွင်  ရေးသားပါရှိသည့်     " စာတတ်ဖို့ စာဖတ်စို့ " ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့သည်။   စာဖတ် ဝိုင်းသို့ တက်ရောက်လာကြသည့်   စာအုပ်၊ စာပေချစ်မြတ်နိုးသူအသင်းသားတို့က ဆွေးနွေးချက်အပေါ် သိရှိလိုသည်များ ဖြည့်စွက်ဆွေးနွေး လိုသည်များနှင့် စာအုပ်တွင်ရေးသားသည့်   သတိပြုရမည့်အချက်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်းသို့  စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများအသင်းမှအဖွဲ့ဝင်များ၊ စာဖတ် ပရိတ်သတ်များ   လူမှုရေး ပရဟိတ လုပ်ငန်းဆောင်ရွက်နေသူများ  နှင့်  ရပ်ကွက်လူငယ်များ တက်ရောက်  ဆွေးနွေးခဲ့ကြသည်။

နန်းခမ်းခြူး(ဟိုပုံး)