သာစည် ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထား သူ ၃၁၅ ဦး တို့အား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၃၀ ဂရက် နံနက် ၉ နာရီက နှန်းကန်ကျေးရွာ ဆေးထိုးစုရပ်၌ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံရေးအဖွဲ့ များက ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်းများ ဆောင်ရွက်၍ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ အသက် (၁၈)နှစ် နှင့်အထက် ပြည်သူ ၃၁၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် Sinopharm အမျိုးအစား ကာကွယ် ဆေး ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ပြည်သူများ၊ အသက် ၁၂နှစ် နှင့်အထက် ကျောင်းသား/သူများ အားထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ကာကွယ်ဆေးလွှမ်းခြုံမှုအနေဖြင့် Sinopharm အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ၅၅၆၉၄ ဦး၊ ဒုတိယ အကြိမ် ၃၇၅၇၀ ဦး၊ Sinovac အမျိုးအစား ကာကွယ်ဆေး ပထမအကြိမ် ၁၇၄၃၂ ဦး၊ ဒုတိယအကြိမ် ၁၄၄၆၇ ဦး၊ စုစုပေါင်း ၁၂၅၁၆၃ ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)