ပင်လောင်း ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး ထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန်နှင့် စျေးကွက်သို့ လျှင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လျာထားရန်ပုံငွေများ ချမှတ်၍ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း စင်းတောင်းကျေးရွာအုပ်စု၊ ကောင်လှိုင်းရွာမှ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည့် နေရာသို့ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများ ရှိနေသည့် လမ်းပိုင်းပေါ်တွင် အရှည် ၁.၅ မိုင်၊ အကျယ် ၂၅ ပေဖြင့် မြေသားနှင့် ကျောက်ရောသည့် ကုန်ထုတ်လမ်း ဖောက်လုပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက နယ်မြေကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးဇော်၀င်း ဦးဆောင်သော အဖွဲ့မှ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကောင်လှိုင်းကျေးရွာနှင့် ပတ်၀န်းကျင်ကျေးရွာများ၏ စိုက်ၕက (၁၅၀၀) ကျော်တွင် ရာသီအလိုက် စိုက်ပျိုးကြသည့် သီးနှံများ ထွက်ရှိလာပါက စျေးကွက်သို့ လျင်မြန်စွာ ရောက်ရှိနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေး တောင်သူများ အတွက်များစွာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း (ပင်လောင်း)