ဇမ္ဗူသီရိ ဒီဇင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အကြို “မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများရဲ့ ပညာရေးနှင့် ပတ်သက်ပြီး စာတတ်မြောက်မှုနှုန်း၊ မသန်စွမ်းသူများရဲ့ အလုပ်အကိုင် ရရှိမှု အခြေအနေများနှင့် မြန်မာနိုင်ငံရှိ မသန်စွမ်းမှုအခြေအနေများစသည့် အကြောင်းအရာများအား ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အလို့ငှာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)