ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ်လုံးကျွတ်ခန့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ RDT Test Kit စစ်ဆေးပေးလျက်ရှိ

လင်းခေး ဒီဇင်ဘာ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် နိုဝင်ဘာနှောင်းပိုင်းကာလ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အတည်ပြုလူတွေ့ရှိမှု များပြားလာခဲ့အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်း၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူတို့က လင်းခေး မြို့ပေါ် ၈ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိအား RDT Test Kit ကွင်းဆင်းစစ်ဆေးပေးလျက်ရှိသည်။

ယနေ့ (၁-၁၂-၂၀၂၁) ရက်နေ့တွင် လင်းခေးမြို့ပေါ် ၈ ရပ်ကွက်နေပြည်သူ (၁၃၁) ဦးအား RDT Test kit စစ် ဆေးပေးခဲ့ရာ၊ ကိုဗစ် - ၁၉ ရောဂါပိုးရှိ အတည်ပြုလူနာ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦးစုစုပေါင်း(၆)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သည်။

ယမန်နေ့က RDT စစ်ဆေးခဲ့သူပေါင်း(၄၈၃)ဦးအနက် Positive အတည်ပြုလူနာ(၈)ဦး၊ PCR ပေးပို့ စစ်ဆေးခဲ့သူ(၉၁) ဦးအနက် Positive(၂၄)ဦးရှိခဲ့ပြီး လင်းခေးမြို့နယ်အနေဖြင့်(၁၉-၇-၂၀၂၁) မှယနေ့(၁-၁၂-၂၀၂၁) ရက်အထိကိုဗစ်အတည်ပြု လူနာပေါင်း (၁၀၅၈) ဦးရှိပြီး၊ ရောဂါ သက်သာလာသူပေါင်း (၇၈၄) ဦးရှိပါသည်။

ရောဂါကူးစက်ခံရ၍ သေဆုံးခဲ့သူ အမျိုးသား(၄)ဦး၊အမျိုးသမီး(၂)ဦး စုစုပေါင်း(၆)ဦးရှိခဲ့ကြောင်း လင်းခေးမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေးခရိုင်ပြန်ဆက်)