လဲချား ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ ပြည်သူများဗဟုသုတ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက ရွေ့လျား စာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်ခင်လေးလေးယုနှင့် ဝန်ထမ်း များက သုတ၊ ရသစာအုပ်များကို မြို့နယ်သမဝါယမဦးစီးရုံး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ပြီး စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)